ပြင်ဦးလွင်မြို့ရှိ စာပေချစ်သူများအတွက် စာအုပ်ဈေးရောင်းပွဲအား ပြင်ဦးလွင် မြို့ Y.M.B.A တွင် ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၇

ပြင်ဦးလွင်မြို့ရှိ စာပေချစ်သူများအတွက် စာအုပ်စာစောင်များ ဝယ်ယူဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ပြင်ဦးလွင်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး Y.M.B.A (Young Men’s Buddhist Association) နှင့် ပြင်ဦးလွင်မြို့နယ် စာရေးဆရာ အသင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့နန်းတော်ဝင်စာပေတိုက်တို့ ပူးပေါင်း ကျင်းပသော စာအုပ်ဈေးရောင်းပွဲကို ပြင်ဦးလွင်မြို့ Y.M.B.A ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်းသိရသည်။

စာအုပ်ဈေးရောင်းပွဲတွင် ရန်ကုန်မြို့ နန်းတော်ဝင်စာပေတိုက်၊ စောဦးစာပေတိုက်၊ မြင့်မိုရ်မေမေ စာပေတိုက်၊ တက်လူစာပေတိုက်တို့မှ သုတ/ရသ စာအုပ်များ၊ ပညာရေးသင်ထောက်ကူပြုဆိုင်ရာ စာအုပ်များ၊ ဘာသာ စကားဆိုင်ရာ စာအုပ်များ၊ ကလေးစာပေများအပါအဝင် သမိုင်းနောက်ခံဝတ္ထုနှင့် အထုပ္ပတ္တိ ဆိုင်ရာစာပေများကို စုံလင်စွာ ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။

စာအုပ်ဈေးရောင်းပွဲသို့ လာရောက်သူ ပြင်ဦးလွင်မြို့မှ စာပေချစ်သူတစ်ဦးက “ကျွန်မတို့မြို့မှာ ခုလို စာအုပ်ဈေးရောင်းပွဲ လာကျင်းပပေးလို့ စီစဉ်သူနဲ့ပံ့ပိုးသူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ရန်ကုန်ကနေမှာမှ ရမယ့် ကျွန်မလိုချင်တဲ့ စာအုပ်အချို့ကို ဒီပွဲမှာ တစ်ခါတည်း ရလိုက်ပါတယ်၊ နောက်ထပ်လည်း အသစ် ထွက်ထားတဲ့ စာအုပ်ကောင်းတွေနဲ့ ငါတို့စာပေကထွက်ထားတဲ့ စာအုပ်အသစ်တွေကို ဒီမှာတစ်ခါတည်း ဝယ်ခဲ့လိုက်ရလို့ အရမ်း အဆင်ပြေသွားပါတယ်၊ နောက်လည်း ကျွန်မတို့မြို့မှာ ဒီလိုပွဲတွေ မကြာခဏလာကျင်းပပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါစာအုပ်ဈေးရောင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ရက်သတ္ တပတ်တစ်ပတ်ကြာ ခင်းကျင်းပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင်၊ ပြန်/ဆက်)