ပလောက်မြို့အတွင်း ဟိတကာရီလူမှုကူညီရေးအသင်းမှ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ပလောက်၊  စက်တင်ဘာလ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားနှာခေါင်းစည်းများကို ယနေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါနှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေရာတွင် ပလောက်မြို့ ဟိတကာရီလူမှုကူညီရေးအသင်းမှ စည်ပင်သာယာဈေးအတွင်းနှင့် လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်မှအပြင်သို့ထွက်ခွာတိုင်း နှာခေါင်းစည်းများကို မမေ့မလျော့တပ်ဆင်ကြရန်၊ တပ်ဆင်ရာ တွင်လည်း နည်းစနစ်တကျတပ်ဆင်အသုံးပြုတတ်စေရန်နှင့် တပ်ဆင်အသုံးပြုပြီးသား နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်တတ်စေရန် အသိပညာပေးနှိုးဆော်ကာ နှာခေါင်းစည်း (၁၅၀၀) ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင်