ဒေါပုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီစေရေးအတွက် ယမန်နေ့မွန်းလွဲ () နာရီအချိန်က ယမုံနာ()ရပ်ကွက်နှင့် ယမုံနာ()ရပ်ကွက်အတွင်းရှိ လုပ်ငန်းဆောင်ရွက်နေရာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ယမုံနာ()ရပ်ကွက်ရှိ အာသောကာရာမ မြစ်ထွက်ပေါက်မြေထိန်းနံရံ တိုးချဲ့တည်ဆောက်ခြင်းနှင့် ယမုံနာ()ရပ်ကွက်ရှိ  မင်္ဂလာရာမ မြစ်ထွက်ပေါက် မြေထိန်းနံရံတိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့်အဖွဲ့ဝင်များက လုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ မြေထိန်းနံရံများတိုးချဲ့တည်ဆောက်ပြီးပါက ကမ်းပါးနံရံများ မကြာခဏ မြေပြိုကျခြင်းအန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်ပြီး ရပ်ရွာနေပြည်သူများအတွက် အကျိုးကျေးဇူးကောင်းများ ပိုမိုဖြစ်ထွန်းလာနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)