ပလောက် ဒီဇင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်တို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း (၉) နာရီခွဲက ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိတ်သတ်အရှေ့တွင် ရဲဝံ့စွာပြောဆိုသည့် အလေ့အထများရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
စကားဝိုင်းဆွေးနွေးပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမ ဒေါ်ဝင်းမြင့်ခိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က ဦးဆောင်၍ Grade -9 ကျောင်းသား မောင်မင်းထက်၊ Grade –10 မှ မောင်ကိုကိုဟိန်းတို့က လူငယ်နှင့်အချိန် ၊ Grade –10 မှ ကျောင်းသူမချိုဇင်သိမ့်နှင့် မယဉ်မွန်ချိုတို့က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပါဝင်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)