ရွှေပြည်သာမြို့နယ် အ-ထ-က(၄)ကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေပြည်သာ   ဒီဇင်ဘာ   ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုအမှတ်(၆၅)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာတို့ပူးပေါင်း၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးဇော်ထွန်းမိုး၊ အမှတ်(၆၅) ယာဉ်ထိန်းတပ်ဖွဲ့စုမှဒုရဲမှူးဇော်ဇော်စိုးနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆးရေးမှူးဦးအောင်ကျော်စိုးတို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့ဒုရဲမှူးဇော်ထွန်းမိုး၊ အမှတ်(၆၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှဒုရဲမှူးဇော်ဇော်စိုး၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူးဦးအောင်ကျော်စိုး၊ ဌာနဆိုင်ရာများ၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား/သူ(၃၀၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)