ဗိုလ်တထောင်မြို့နယ်၌ တိုင်းအဆင့် လူရည်ချွန်ရွေးချယ်ရေး သင်္ချာစွမ်းရည် ပြိုင်ပွဲကျင်းပ

ဗိုလ်တထောင်  ဒီဇင်ဘာ ၇

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တိုင်းအဆင့် လူရည်ချွန်ရွေးချယ်ရေးအတွက် သင်္ချာစွမ်းရည်ပြိုင်ပွဲ စာမေးပွဲစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက အ.ထ.က(၆) ဗိုလ်တထောင်ကျောင်းတွင် ကျင်းပသည်။

အဆိုပါတိုင်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းအတွင်း ခရိုင်၊ မြို့နယ်၊ ကျောင်းပေါင်းစုံ လူရည်ချွန်ရွေးချယ်ပွဲမှ အောင်မြင်လာသည့် Grade-5 မှ Grade-9 အထိ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၄၂၈)ဦး က သင်္ချာစွမ်းရည်ရေးဖြေစာမေးပွဲ ဖြေဆိုပြီး၊ နုတ်ဖြေစာမေးပွဲကို ဆက်လက်ဖြေဆိုခဲ့ကြသည်။ သင်္ချာစွမ်းရည် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးဌာနမှ ဆရာ/ ဆရာမများက အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မေနှင်း(ဗိုလ်တထောင်)