မှော်ဘီ ဒီဇင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွပ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်သန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (သန္ဓေပင်)ကျောင်းအုပ်ဆရာကြီး ဒေါ်ညိုညိုမာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ အ.ထ.က (သန္ဓေပင်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘောလုံးပြိုင်ပွဲ၊ ရွှေစွန်ညိုကစားနည်း၊ ကြက်ခွပ်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ၊ တန်းကျော်ပြိုင်ပွဲနှင့် ထုတ်စည်းတိုးပြိုင်ပွဲများကို စိတ်ပါဝင်စားစွာဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (မှော်ဘီ)