ရေဖြူ ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရော်ဘာဈေးပထမရာသီ၌ တစ်ပေါင်း ၁၂၇၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်းသိရသည်။
မနှစ်ကပထမရာသီဖြစ်သော နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ရော်ဘာဈေး တစ်ပေါင် ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ပြီး ယခုနှစ်ရာသီတွင် ရော်ဘာတစ်ပေါင်ဈေးနှုန်း သိသိသာသာ မြင့်တက်ခဲ့သည်။
ယခု ရရှိနေသောဈေးနှုန်းမှာ ယခင် ၂၀၁၇ ခုနှစ်မှစ၍ (၆) နှစ်တာအတွင်း အမြင့်ဆုံးဈေးဖြစ်ကြောင်းသိရသည်။ မိုးအုံ့ပြီး နေပူမိုးရွာ ဖြစ်နေခြင်း၊ အစေးလှီးလုပ်သား ရှားပါးလာခြင်းတို့ကြောင့် ရာဘာခြံတစ်ချို့ ရပ်နားထားရပြီး ရော်ဘာလိုအပ်ချက်များကာ အထွက်နှုန်းနည်းသည့်အတွက် ဈေးကောင်းခြင်းဖြစ်ကြောင်း ခြံပိုင်ရှင်တစ်ဦးထံက သိရသည်။
ရေဖြူမြို့နယ်တွင် နှစ်ရှည်သီးနှံပငးများအနက် ရော်ဘာကို အဓိကထား အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်ကြကြောင်းလည်း သိရသည်။
ခတ္တာ