သရက်ချောင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ပထမအကြိမ်ရန်ပုံငွေ ထုတ်ချေးခြင်း အခမ်းအနားကျင်းပ

သရက်ချောင်း  ဒီဇင်ဘာ  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂–၂၀၂၃ခု ဘဏ္ဍာနှစ် တွင်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ပထမအကြိမ်ရန်ပုံငွေ ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ မင်းဒပ်အုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မတီဝင်များနှင့် စိုက်ပျိုးရေးတောင်သူ များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကောင်းမြတ်ထက်က (ဆီထွက်သီးနှံ)စိုက်ပျိုး  မည့်တောင်သူများအား ရန်ပုံငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက (ဆီထွက်သီနှံ)မျိုးစေ့စိုက်ပျိုးနည်းပညာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (ဆီထွက်သီးနှံ)စိုက်ပျိုးမည့် တောင်သူများအား လည်ပတ်ရန်ပုံငွေ ကျပ် (၂၉၇)သိန်းကို ထုတ်ချေးပေးမည်ဖြစ်ပြီး (ဆီထွက်သီးနှံ)စိုက်ပျိုးမည့် အသင်းသားဦးရေ စုစုပေါင်း (၄၉)ဦးအား ပထမအကြိမ်အဖြစ် သိန်း(၂၀၀) ထုတ်ချေးပေးခဲ့ကြောင်း သရက်ချောင်းမြို့၊ ကျေးလက်ဒေသဖွံ့ ဖြိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

သားကြီး(သရက်ချောင်း)