မိုးမိတ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်သတိရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်၍ မြောက်ပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်၏ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးလောင်မှုများ မဖြစ်ပွားစေရန်နှင့် အများပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်တို့ ဆုံးရှုံးမှုမဖြစ်ပွားစေရန်အတွက် ရည်ရွယ်၍ မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မီးသုံးစွဲမှုအခြေအနေများ (ထင်းမီး၊ မီးသွေး၊ လျှပ်စစ်၊ ဂတ်(စ်) )နှင့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဗူးအစရှိသည့် မီးဘေး ကြိုတင်ကာကွယ် ရေးပစ္စည်းများ စနစ်တကျထားရှိနိုင်ရေးတို့ကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် အသိ ပညာပေးဟောပြောပွဲများ၊ သရုပ်ပြခြင်းများနှင့် မိမိတို့မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များအား မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးတို့အတွက် ဇာတ်တိုက်လေ့ကျင့်မှုများနှင့် မြို့တွင်းသို့ လှည့်လည်၍ အသိပေးနှိုူးဆော်ခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ထားရှိကြောင်းနှင့် ကျန်ရပ်ကွက်နှင့် ကျေးရွာများသို့လည်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စည်သူဌေး(ခရိုင်ပြန်/ဆက်)