ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာလ ၃
၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင်ကျင်းပပြုလုပ်သည်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်အတွက် ဒီဇင်ဘာလူထုအားကစားလတွင် စုပေါင်း လမ်းလျှောက်ပွဲကိုကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စုပေါင်းလမ်းလျှောက်ပွဲကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲရာတွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများက စုရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ ကုက္ကိုဝတံတား ထိစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
ဇင်မင်းထိုက်(ထန်းတပင်)