ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ အားကစားလ စုပေါင်း လူထုလမ်းလျှောက်ပွဲ စတင်ကျင်းပ

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၃

“စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဟူသည့် ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေး ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ယနေ့နံနက် ၅ နာရီက အခြေခံပညာအထက်တန်းကျောင်းရှေ့ ခုံးတံတားအဆင်းတွင် စတင်ကျင်းပခဲ့သည်။

အဆိုပါ လူထုလမ်းလျှောက်ပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင် ဦးဆောင်၍ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်နေပြည်သူများပါဝင်သည့် အင်အား ၂၃၀ ခန့်က အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) ကျောင်းရှေ့ ခုံးတံတားအဆင်း ဗဟိုလမ်းမပေါ်မှ ဆိပ်ကြီးခနောင်တို ကြိုးတံတား အထိတစ်ပျော်တစ်ပါး လမ်းလျှောက်ကြပြီး၊ ကျန်းမာ‌ရေး အခြေခံကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(IPRD)