ဒလ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ဒီဇင်ဘာလူထုအားကစားလအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ လမ်းလျှောက်ခြင်းနှင့်ကိုယ်လက်လှုပ်ရှား အားကစားများ စုပေါင်းလေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၅)နာရီ အချိန်က ဒလတွံတေးကားလမ်းမကြီးမှ ကမာကသွယ်ရပ်ကွက်ရှိ ဗိုလ်တေဇအားကစား ကွင်းအထိ လမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ခဲ့ကြသည်။
ဒီဇင်ဘာလူထုအားကစားလမ်းလျှောက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားနည်းပြများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်ပြီး အားကစားသီချင်းများဖြင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စုပေါင်းလေ့ကျင့်ခဲ့ကြ သည်။
ဒလမြို့နယ်တွင် အလားတူလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်မှုများကို ဒီဇင်ဘာလူထုအားကစားလအတွင်း အပတ်စဉ် စနေနေ့နံနက်တိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
မြင့်ဇော်(ပြန်/ဆက်)