ကျွန်းစု ဒီဇင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်လူငယ်ရေးရာကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက လူငယ်ရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းပြီး လူငယ်များအနေဖြင့် အားကစားပြိုင်ပွဲများတွင် ပါဝင်ဆောင်ရွက်နိုင်စေရန် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွင်ပွဲများ၊ ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပရေးနှင့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပရေးတို့ကို ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဦးဖြိုးဝေလင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများက ပြိုင်ပွဲကျင်းပရေးနှင့် အစီအစဉ်နှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)