တံတားဦးမြို့တွင် ဒီဇင်ဘာလူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

တံတားဦး  ဒီဇင်ဘာ  ၃

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၆)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့လမ်းမတော်လမ်းမှ စုရပ်ပြုလုပ်ပြီး စုပေါင်းလမ်းလျှောက်ပွဲ (ပထမအကြိမ်)ဆင်နွှဲကြောင်းသိရသည်။

အဆိုပါ ဒီဇင်ဘာလူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့လမ်းမတော်လမ်းမှ ပန်းယျအဝိုင်း၊ ပန်းယျအဝိုင်းမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအထိ စုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲပြီး ကိုယ်ကာယလေ့ကျင့်ခန်းအတွဲ( ၁ ၊ ၂ ) ကို ပျော်ရွှင်စွာ စုပေါင်းဆင်နွှဲကြသည်။ လမ်းလျှောက်ခြင်းဖြင့် ဆေးဝါးမလိုသော ကျန်းမာရေးလမ်းညွှန်မှုဖြစ်ပါကြောင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းနည်လည်းဖြစ်ပါကြောင်း ဒါ့အပြင်လမ်းလျှောက်ခြင်းဖြင့် သကက်ရှည်ရုပ်ပျိုဆေးလည်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ပြောကြားချက်အရသိရသည်။

ဒီဇင်ဘာလူထုလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြို့းဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၃၀၀)ဦးတို့က ပါဝင်ဆင်နွှဲကြကြောင်းသိရသည် ။

ရဲတင့်( ပြန်/ဆက်)