လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကျင်းပ

လှည်းကူး    ဒီဇင်ဘာ    ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာအားကစားလ ပထမပတ်လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီက ကျင်းပခဲ့သည်။

လမ်းလျှောက်ပွဲတွင် လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်ကျော်ညွှန့်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနန်းထက်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသာကျောင်းသူများနှင့် ဒေသခံပြည်သူများစုစုပေါင်းအင်အား ၇၀၀ ကျော်ခန့်က စုရပ်အဖြစ်သတ်မှတ်ထားသော လှည်းကူးမြို့မဈေးခန်းမရှေ့မှစတင်ကာ မြို့နယ်အားကစားကွင်းသို့ သတ်မှတ်ထားသောလမ်းကြောင်းအတိုင်း တပျော်တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး လမ်လျှောက်ပွဲတွင်ပါဝင်ဆင်နွှဲကြသူများအား ကောက်ညှင်းပေါင်းနှင့်အကြော်များ ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)