တပ်ကုန်းမြို့၌  အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်တားဆီးရေး အသိပညာပေးဆောင်ရွက်

တပ်ကုန်း   ဒီဇင်ဘာ    ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ် တားဆီးရေးအသိပညာပေး (Talk Show) အစီအစဉ်ကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါ(Talk Show)တွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က အကြမ်း ဖက်မှုဆိုလိုရင်းများ၊ အကြမ်းဖက်ခံရသူ အများစုများ၊ အကြမ်းဖက်မှုရဲ့ ဆိုးကျိုးများ စသည့် မေးခွန်းများဖြင့် ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်တားဆီးရေး အသိပညာပေး(Talk Show) အပြည့်အစုံကို တပ်ကုန်းမြို့ နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်