ရန်ကင်း ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ်တွင် တစ်မျိုးသားလုံးကန်းမာကြံ့ခိုင်ရေးနှင့် ကာယဉာဏဖွံဖြိုးရေး၊ ကျန်းမာသန်စွမ်းသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် (၅)နာရီက ၂၀၂၂-ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲတွင်မြို့နယ်အထွေထွေဦးစီးဌာန၌ စုရပ်ပြု၍ ရန်ကင်းလမ်း၊ သစ္စာလမ်း၊ မိုးကောင်းဘုရားလမ်းတို့အထိ ဒီဇင်ဘာလ စုပေါင်းလူထုလှုပ်ရှားမှုတွင် ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ ကျောင်းသား/ သူများနှင့်ဆရာ/ ဆရာမများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများက ရန်ကင်းမြို့နယ် လမ်းမကြီးတစ်လျှောက် စိတ်လက်ပေါ့ပါး လန်းဆန်းပျော်ရွှင်စွာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရန်ကင်းမြို့နယ် မိုးကောင်းဘုရားဝင်းအတွင်း စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်းများကို ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ခဲ့ကြကြောင်း သတင်းရသည်။
အိရွှေစင် (ပြန်/ဆက်)