မိုင်းခတ် ဒီဇင်ဘာ ၃
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအနေဖြင့် (ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်း ၅ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
လမ်းလျှောက်ပွဲသို့ မိုင်းခတ်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်စိုး၊ အဖွဲ့ဝင်ဦးစိုင်းအေးမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုင်းဆိုင်လွန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၄၈၀)ဦးတက်ရောက်ကြပြီး မြို့မဈေးရှေ့အဝိုင်းပတ်လမ်းစုံမှတစ်ဆင့် မိုင်းခတ်-ကျိုင်းတုံသွားလမ်းအတိုင်းစုပေါင်းလမ်းလျှာက်ခဲ့ကြပြီး မြို့မအားကစားကွင်းတွင် ကိုယ်ကာယလေ့ကျင့်ခန်းများ၊ အကြောလျော့လေ့ကျင့်ခန်းများကို စုပေါင်းလုပ်ဆောင်ခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မုန့်နှင့်ရေသန့်ဗူးများပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်