ကျောက်ဆည် ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပြည်သူ့အားစကားကွင်းတွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် ယနေ့နံနက်(၆)နာရီက ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြုလုပ်သည့်တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူများပါဝင်သည့် နံနက်စောစောလူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲပြုခဲ့ကြောင်းသိရှိရသည်။
စုပေါင်းလမ်းလျှောက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူပြည်သူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ခဲ့ကြောင်းနှင့် စုပေါင်းလမ်းလျှောက်ခြင်းဖြင့် ပြည်သူလူထုအားလုံး စိတ်ဓာတ်နှင့်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်စေရန်နှင့် သက်တမ်းစေ့နေထိုင်နိုင်ရေးစသည့်အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ နှစ်စဉ်ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ခြင်းများနှင့် အားကစားပြိုင်ပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)