ကော့သောင်း ဒီဇင်ဘာလ ၃
ကော့သောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ ခရိုင်အားကစားခန်းမတွင် ကျင်းပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများက ကွင်းအတွင်းနေရာယူကြကာ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီး စစ်ကြောင်းပုံဖြင့် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ဆက်လက်၍ ယနေ့အမျိုးသားပြိုင်ပွဲအဖြစ် အထကခွဲ(အလက-၁) အသင်းနှင့် အထက(၃) အသင်း၊ အမျိုးသမီးပြိုင်ပွဲအဖြစ် အလက(၂)နှင့်အလက(၄)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ အားကစားဝါသနာရှင်များကကြည့်ရှုအားပေးကြသည်။
အဆိုပါ ပြိုင်ပွဲတွင်ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အမျိုးသားဘော်လီဘောအသင်း(၈)သင်းနှင့် အမျိုးသမီးဘော်လီဘောအသင်း(၇)သင်းက အုပ်စုခွဲကာ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)