ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲကျင်းပ

မှော်ဘီ       ဒီဇင်ဘာ       ၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဒီဇင်ဘာအားကစားလလူထုလမ်း လျှောက်ပွဲကို ယနေ့နံနက် ၅နာရီက ကျင်းပခဲ့သည်။

လမ်းလျှောက်ပွဲတွင် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဖြိုးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများစုစု ပေါင်းအင်အား ၃၀၀ကျော်ခန့်က စုရပ်အဖြစ် သတ်မှတ်ထားသော မှော်ဘီမြို့မဈေးရှေ့မှ စတင်ကာမြို့နယ် အားကစားကွင်းသို့သတ်မှတ် ထားသောလမ်းကြောင်းအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး လမ်းလျှောက် ပွဲတွင်ပါဝင်ဆင်နွှဲကြသူများအား ကောက်ညှင်းပေါင်းနှင့် အကြော်များကျွေးမွေးဧည့်ခံခဲ့သည်။

ကောင်းမြတ်သူ(ပြန်/ဆက်)