ပုသိမ်ကြီး ဒီဇင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Com munity Centre ခန်းမတွင် ဒီဇင်ဘာလ(၃ )ရက်နေ့တွင်ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့" အထိမ်းအမှတ်နေ့အသိပညာပေး Talk Showကို ယနေ့နံနက်ပိုင်း (၁၀) နာရီခွဲ က ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့၀င်စုလှိုင် (ပြန်/ဆက်)တို့က မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေများဖြစ်သည့် ၂ဝ၁၅ ခုနှစ် ဇွန် ၅ ရက်တွင် ပြဋ္ဌာန်းလိုက်ပြီး နည်းဥပဒေများကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင်ထုတ်ပြန်ချက်များ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာများ နိုင်ငံတော်အဆင့် အမျိုးသားကော်မတီကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ရည် ရွယ်ချက် (၉)ရပ်နှင့် လုပ်ငန်းတာဝန် (၂၅) ရပ် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ မသန်စွမ်းသူများ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲလျက် မသန်စွမ်းသူများ အလိုက် ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေမှု၊မသန်စွမ်းအဆင့် သတ်မှတ်ခြင်း၊ မသန်စွမ်းမှတ်ပုံတင်ခြင်းနှင့်ရန်ပုံငွေ တစ်ရပ်ထူထောင်ခြအကောင် အထည်ဖော်ဆောင်ရွက်ချက်များ၊ သင်တန်းကျောင်းအခြေပြု မသန်စွမ်းသင်တန်းကျောင်း ဖွင့်လှစ်၍ လေ့ကျင့်ပြုစုပျိုးထောင်ပေမှုများ၊ ထို့အတူ မသန်စွမ်းသူများအလိုက် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ပြီး အမြင်အာရုံမသန်စွမ်း သူများ၏ မျက်မမြင်အကြောပြင် အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ အကြားအာရုံမသန်စွမ်းသူများအတွက် သတင်းအချက် အလက်များလက် လှမ်းမီရရှိ နိုင်ရေးစီမံကိန်း၊ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာစီမံကိန်း၊ ညဏ်ရည်မသန်စွမ်းသူများအတွက်ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)