စုကလိမြို့တွင် ကွမ်းသီးများ စျေးကွက်အတွင်း စျေးကောင်းရရှိ

စုကလိ ဒီဇင်ဘာ ၂

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် ဒေသတွင်းထွက်ရှိသည့် ကွမ်းသီးများ ပေါများစွာ  ထွက်ရှိချိန်ရောက်ရှိလာပြီးဖြစ်သဖြင့် စျေးကွက်အတွင်းတွင် ကွမ်းသီးများ စျေးကွက်ဝင်ကုန်အဖြစ် ရောင်းချလာနိုင်ပြီးဖြစ်သည်။

စုကလိမြို့တွင် ကွမ်းသီးများအား အခြောက်ခံခြင်း အခွံချွတ်၍ သန့်စင်ခြင်းနှင့် စျေးကွက်အတွင်း ရောင်းချနိုင်ရန် ပြင်ဆင်ထုပ်ပိုးခြင်းများ ဆောင်ရွက်ကြပြီး  ယခုနှစ် ကွမ်းသီးစျေးကွက်တွင် ကွမ်းသီးအစိုတစ်လုံးလျှင် ထိုင်းဘတ်ငွေ ၁ ဘတ်၊ အခြောက်ခံသန့်စင်ပြီးသား ကွမ်းသီးတစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၁၈၀ ဘတ်အထိ စျေးရရှိသည်။

စုကလိမြို့မှ ထွက်ရှိသော ကွမ်းသီးများအား အနီးအနားရှိကျေးရွာများမှ လာရောက်ဝယ်ယူကြသည်သာမက ထိုင်းနိုင်ငံမှလည်း စျေးကောင်းပေး၍ ဝယ်ယူကြကြောင်း သိရသည်။

ပိုပိုအောင် (ပြန်/ဆက်)