မိုးညှင်းမြို့နယ် နန့်လှိုင်ကျေးရွာ၌ မြစိမ်းရောင်(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဒီဇင်ဘာ ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အင်းကုန်းကျေးရွာအုပ်စု၊ နန့်လှိုင်ကျေးရွာ၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးထားရှိမှု အခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ဆီထွက်သီးနှံများ စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ကို ညောင်ကုန်းကျေးရွာ၊ နန့်လှိုင်ကျေးရွာနှင့် ထန်းတပင်ကျေးရွာ (၃)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး နန့်လှိုင်ကျေးရွာ၌ နေကြာစိုက်ပျိုးသည့် တောင်သူများလိုအပ်လျက်ရှိသည့် စိုက်ပျိုးစရိတ်၊ မျိုးစေ့နှင့်သွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၁၀၀) ထုတ်ချေးပေးထားကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ရွှေမိုးညှင်း