မိုင်းကိုင်မြို့နယ်၌ လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုဆန်းစစ်ခြင်းပြိုင်ပွဲကျင်းပ

မိုင်းကိုင်  ဒီဇင်ဘာ  ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများ၏  မြို့နယ်အဆင့် လူရည်ချွန် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုဆန်းစစ်ရွေးချယ်ခြင်းကို ယနေ့မနက် ၉ နာရီက မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်အဆင့်လူရည်ချွန် ရွေးခြယ်ဆန်းစစ်မှုများကို နိုဝင်ဘာ လ ၂၈ ရက်နေ့ တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေဗ ဟုသုတရေးဖြေ ဆန်းစစ်ခြင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာ့ ယဉ်ကျေးမှုနှင့်ထုံးဓလေ့များ၊ ပြည်သူ့နီတိ၊ အထွေထွေဗဟုသုတ နှုတ်ဖြေဆန်းစစ်ခြင်း ဆောင်ရွက်ခဲ့ပြီး ယနေ့မနက်ပိုင်းတွင် လူရည်ချွန် ကြံ့ခိုင်စွမ်းရည်(၅)မျိုးကို ဆက် လက်ရွေး ချယ်ဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆန်းစစ်ပွဲတွင် မီတာ ၁၀၀ အပြေးပြိုင်၊ လက်ထောက်တွန်းတင်၊ ရပ်အလျားခုန်၊ အိပ်ထမတင်၊ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်၊ အမျိုးသားမီတာ ၈၀၀ အပြေးပြိုင် ခြင်းများကို ပြုလုပ်ခဲ့ရာ မြို့နယ်အဆင့် ကျောင်းသား၊ ကျောင်းသူ Grade-9 ငါးဦး၊ Grade-10 လေးဦး၊ Grade-11 လေးဦး ဝင်ရောက်ဆန်းစစ်ခဲ့ပြီးမြို့နယ် လူရည်ချွန်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် ပညာရေးမှူး ဦးခင်မောင်ကိုနှင့် ရွေးချယ်ရေးကော်မတီဝင်များ၊ မြို့နယ် အားကာမှူး ဒေါ်ခင်သန်းစောနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာဆရာမများက ကြီးကြပ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)