မက်မန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် ဖြည့်စွက်ခန့်ထားသည့် ဆရာ/ဆရာမ များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် စရိတ်ချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းနားကျင်းပ

မက်မန်း ဒီဇင်ဘာ   ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖြည့်စွက်ခန့်ထားသည့် ဆရာ/ဆရာမများအားကြိုဆိုဂုဏ်ပြုပွဲ၊ စရိတ်ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မက်မန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး  ခန်းမ၌ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် အမှတ်(၁၀၁၀) နယ်ခြား စောင့်တပ် တပ်မှူးဗိုလ်မှူးစိုင်းယီတို့မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ပညာရေးမှူး ဦးသိန်းဆွေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်တို့က ဖြည့်စွက်ခန့်ထားသည့် ဆရာ/ဆရာမများကို ကြိုဆိုနှုတ်ဆက် စကားများပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းလင်းအောင်တို့က ဆရာ/မ များအား စားသောက်ကုန်ပစ္စည်းများပေး အပ်ပြီး၊ အမှတ် (၁၀၁၀)နယ်ခြားစောင့်တပ် တပ်မှူးဗိုလ်မှူး စိုင်းယီကလည်း ဆရာ/ဆရာမ တစ်ဦးလျှင် ကျပ်(၁) သိန်းနှုန်းဖြင့် စုစုပေါင်း(၂၂)ဦးအတွက် ကျပ်(၂၂) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ဆရာ/ဆရာမများ ကိုယ်စား ဆရာတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပန်းကျင် (ခရိုင်၊ပြန်/ဆက်)