ကျိုင်းတုံမြို့ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။   

ဆွေးနွေးပွဲတွင် ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းခင်ထွေးရည် က အမှာစကားပြောကြားပြီး သင်တန်းနည်းပြများက စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ ပညာရေးပြုပြင်ပြောင်းလဲမှုစသည့် ဘာသာရပ်များကို ကျိုင်းတုံမြို့နယ်အတွင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံကျောင်းအုပ်များအား ဆွေးနွေးပို့ချကြသည်။

အဆိုပါသင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ တာဝန်ခံကျောင်းအုပ် စုစုပေါင်း ၂၀၃ ဦး တက်ရောက်ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၂ ရက်ထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)