လှိုင်သာယာ(အနောက်ပိုင်း) ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ကျေးရွာအုပ်စု၊ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ ရှိန်းကျဲအထည်ချုပ်စက်ရုံနှင့် Gold Emperor ဖိနပ်စက်ရုံများသို့ ယမန်နေ့နေ့လည်(၁၂:၀၀)အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား စက်ရုံလည်ပတ်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရာတွင် စက်ရုံအလုပ်ဝန်ထမ်းများ၏ အေးချမ်းလုံခြုံစွာ အလုပ်လုပ်နိုင်ရန်၊ မိမိထုတ်လုပ်သည့် ကုန်ပစ္စည်းအရည်အသွေးမြင့်မားစေရန်တို့ကို စက်ရုံတာဝန်ခံများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ မှာကြားဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
မြင့်ဇော်(ပြန်/ဆက်)