ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့်စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးသို့  သွားရောက်ငှားရမ်းပေးသည်။

စာအုပ်များငှာရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် စာအုပ်များကို ငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့်စာအုပ်များအား ပြန်လည်သိမ်းဆည်း စာရင်းသွင်းခြင်းနှင့် စာအုပ်များအသစ်ပြန်လည် ငှာရမ်းပေးသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)