လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အထက (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦဂသန်းဇင်မှ ကွင်းဆင်းစစ်ဆေး

လှိုင်သာယာ( အနောက်ပိုင်း) ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)  မြို့နယ်၊ အထက (၂) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက် ၁၁အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး၊ ကျောင်းသား/ ကျောင်းသူများ အေးချမ်းလုံခြုံစွာ ပညာသင်ကြားနိုင်စေရေးနှင့်ဘက်စုံဖွံဖြိုးတိုးတက်စေရေးတို့အတွက် ကျောင်းကျန်းမာရေးဆေးခန်း၊ ကျောင်းစာကြည့်တိုက်နှင့်အားကစားကွင်းများကို စစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အထက (၂) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 မြင့်ဇော် ( ပြန်/ ဆက်)