ပိုင်ကျုံမြို့၌ မြို့သာယာလှပရေးအတွက် အုတ်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ   ဒီဇင်ဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းများ၊ တံတားများ တည်ဆောက်ပေးလျက်ရှိသည့်အပြင် မြို့သာယာလှပ‌ရေးအတွက် Flower Box များနှင့် အုတ်စီရေမြောင်းများ တည်ဆောက်ပေးခဲ့သည်

ပိုင်ကျုံမြို့တွင်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း   ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၆၃၁) သန်းဖြင့် အုတ်စီရေမြောင်းလုပ်ငန်း (၄) ခု တည်ဆောက်ခြင်းလုပ်ငန်းကို ဩဂုတ်လအတွင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများသတ်မှတ်အချိန်ကာလ အတွင်းအရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများတို့၏ အနီးကပ်ကြီးကြပ်မှု နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း  သိရသည်။

အဆိုပါလုပ်ငန်းများ ပြီးစီးဖြစ်ပါ၍ ိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်လာမည်ဖြစ်ပြီး ဒေသနေပြည်သူများအနေဖြင့် ကျန်းမာရေးနှင်အညီ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် ပိုမိုအဆင်ပြောမည်ဖြစ်ကြောင်း သိရှိရသည်။

နော်ခူး (ပြန်/ဆက်)