တံတားဦးမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရေးချယ်ရေး ကိုယ်ကာယကြံခိုင်ရေးစစ်ဆေးအမှတ်ပေး

တံတားဦး ဒီဇင်ဘာ ၁

တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ကိုယ်ကာယကြံခိုင်ရေး စစ်ဆေးအမှတ်ပေးခြင်းကို ယနေ့နံနက် (၈) နာရီက မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်းတွင် လူရည်ချွန် ရွေးချယ်ခြင်းများဆောင်ရွက်ရာ တံတားဦးမြို့နယ် ဒုတိယပညာရေးမှူး ဦးသန်ဆွေဦးနှင့် တာဝန်ရှိ သူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကာ ကိုယ်ကာယကြံခိုင်ရေး စစ်ဆေးအမှတ်ပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကိုယ်ကာယကြံခိုင်ရေး စစ်ဆေးအမှတ်ပေးခြင်းကို မြို့နယ်အဆင့် လူရည်ချွန် Grade-9 မှ ကျောင်းသား /သူ(၆၁)ဦး၊ Grade-10၊  မှ ကျောင်းသား/သူ(၃၂)ဦး၊ Grade-11 မှ ကျောင်းသား/သူ(၃၀)ဦး  စုစုပေါင်း (၁၂၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲမှာ မီတာ (၁၀၀) အပြေး ၊ လက်ထောက်မှောက်တွန်းတင် ၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ ကျောင်းသားမီတာ(၈၀၀)အပြေး၊ ကျောင်းသူ မီတာ(၄၀၀) အပြေး တို့ သတ်မှတ်စံချိန်များအတိုင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်နိုင်ရေး ကိုယ်ကာယ ကြံခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရဲတင့်