အလုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံ   ဒီဇင်ဘာ   ၁

ရန်ကုန်တိုင်းဒေသကြီ၊ အလုံခရိုင်၊ အလုံမြို့နယ်တွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးထက်မျိုးလှိုင်နှင့်အဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကတ်များ စနစ်တကျထားရှိဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးအား စနစ်တကျအသုံးပြုနည်းနှင့် သရုပ်ပြမီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်သည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းနှင့်ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြောင်း သိရသည်။

တင်တင်ချို(ပြန်/ဆက်)