တာချီလိတ် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခရိုင်အတွင်းရှိ အမှုထမ်းများ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး(ဆင့်ပွား) သင်တန်းအား ယနေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးမှ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ပိုမိုနားလည်တတ်မြောက်မှုရှိစေရန်နှင့် ဌာနလုပ်ငန်းများ ပိုမိုအောင်မြင်တိုးတက်စေရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေး (ဆင့်ပွား) သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ယင်းနောက်ဦးစီးအရာရှိ ဒေါ်အေးအေးလတ်မှ သင်တန်းသားများလိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းဖတ်ကြားပေးသည်။
အဆိုပါသင်တန်းတွင် ရုံးလုပ်ငန်းလက်စွဲ၊ ရုံးစာရေးသားနည်း၊ နိုင်ငံဝန်ထမ်းဉပဒေ၊ နည်းဉပဒေများ၊ ငွေစာရင်းထိန်းသိမ်းနည်းများ၊ သတင်းအပြန်အလှန်စီးဆင်းရေး၊ Digital Library Management Software အသုံးပြုနည်းများ သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး၊ သင်တန်းသား အမှုထမ်း (၁၂) ဦး တက်ရောက်ကာ သင်တန်းကာလမှာ ၁-၁၂-၂၀၂၂ ရက်မှ ၃-၁၂-၂၀၂၂ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးလတ်