နမ့်ဆန် ဒီဇင်ဘာလ ၁
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်သော ကျောင်းသား၊ ကျောင်းသူပေါ် ထွန်းလာစေရန်အတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်အားကစားပြိုင်ပွဲကို မြို့နယ်ဘော်လုံးကွင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၅) ဦးတို့အား ကိုယ်ကာယဆန်းစစ်ခြင်းများကို ဆောင်ရွက်ရာတွင် မီတာ(၁၀၀) အပြေးပြိုင်ခြင်း၊ လက်ထောက်တွန်း တင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ ကျောင်းသူများ မီတာ(၄၀၀) အပြေးပြိုင်ခြင်း၊ ကျောင်းသားများမီတာ (၈၀၀)အပြေးပြိုင်ခြင်းစသည့် အားကစားများ ယှဉ်ပြိုင်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမောင်မောင်လေး၊ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒေါ်မာမာထွန်း နှင့်ပညာရေးဌာနမှ ဒုတိယဦးစီးမှူး (ကာယ) ဒေါ်သန္တာဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်