မိတ္ထီလာ နိုဝင်ဘာ ၃ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာ(မ)ရပ်ကွက်တွင်ရှိသော ရွှေပြည်သာအားကစားကွင်း၌( ၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပမည်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော် မတီ တာဝန်ရှိတစ်ဦးထံက သိရသည်။
ယခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဒီဇင်ဘာလ ၁ဝ ရက်နေ့ကနေ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပပြု လုပ်သွားမှာဖြစ်ပါတယ်။ အခုလို လွတ်လပ်ရေးနေ့အထိမ်း အမှတ် အလွတ်တန်း ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပလာတာ ဒီနှစ်ရောဆို ၅ နှစ်မြောက်ရှိပြီဖြစ်ပါတယ်။ ပြိုင်ပွဲဝင်လိုတဲ့ ဘောလုံးအသင်းများအနေနဲ့ ပြိုင်ပွဲစာရင်း လက်ခံရာနေရာဖြစ်တဲ့ ပြည်သာယာ(မ)ရပ်ကွက် ဟိုးဟိုးကျော် လက်ဘက်ရည်ဆိုင်နဲ့ ဆန်းမားလက်ဘက်ရည်ဆိုင်တို့မှာ စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ ၀၉-၄၂၁၇၁၆၅၀၇ ၊၀၉-၉၇၉၁၁၁၆၀ ၊ ၀၉-၄၀၂၆၁၄၁၂၉ ၊ ၀၉-၉၇၇၇၃၀၄၀ နဲ့ ၀၉-၄၀၂၅၅၈၅၅၀ တို့ကိုလည်း ဆက်သွယ်စာရင်းပေးသွင်း နိုင်ပါတယ်ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အလွတ်တန်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ပြိုင်ပွဲဝင်ကြေး ငါးသောင်းကျပ်ပေးသွင်းရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆု သုံးသိန်းကျပ်နှင့် တတိယဆု တစ်သိန်းကျပ် တို့ကို ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ