မိတ္ထီလာ နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်း ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု့စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လူရည်ချွန်ရွေးချယ်ခြင်း ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ Grade-9၊ Grade-10၊ Grade-11 ကျောင်းသားကျောင်းသူများကို မြို့နယ်အားကစားကွင်းအတွင်း လက်တွေ့စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြသည်။ လူရည်ချွန် ရွေးချယ်ခြင်း ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို အားကစားနည်း(၅)မျိုးဖြင့် ယှဥ်ပြိုင်ခဲ့ကြပြီး အပြေးပြိုင်ပွဲတွင် မီတာ (၁၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)ယှဥ်ပြိုင်ခြင်း၊ လက်ထောက် တွန်းတင်၊ အိပ်ထမတင်၊ ရပ်လျှက် အလျားခုန်ခြင်း ကစားနည်းများကို ကျောင်းသား/ကျောင်းသူ(၈၂)ဦးမှ ယှဥ်ပြိုင်ခဲ့ ကြသည်။
အဆိုပါ အားကစားနည်း(၅)မျိုးဖြင့် ယှဥ်ပြိုင်နေခြင်းကို မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟာမာန်၊ ခရိုင်လက်ထောက်ညွှန်ကြရေးမှူး ဦးကျော်မြင့်၊ မြိုနယ်ပညာရေးမှူး ဒေါ်သီတာ၊ ကာယအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်