တန့်ယန်း နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲ၏ ကိုယ် ကာယကြံ့ခိုင်နှင့် ယုံကြည်မှုစစ်ဆေးခြင်းပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းကြီး၌ ဆက်လက်ရွေးချယ် ယှဉ်ပြိုင်ကြသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ နိုဝင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ ဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေတို့ကို ဖြေဆိုခဲ့ကြကာ ယနေ့ နံနက်ပိုင်းမှစတင်၍ မီတာ(၁၀၀)ကျား/မ၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ မီတာ(၈၀၀)ကျား၊ မီတာ(၄၀၀)မ ပြိုင်ပွဲများကို ဆက်လက်ကျင်းပ ရွေးချယ်ကြရာ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းတို့မှ Grade-11 မှ (၈)ဦး၊ Grade-10 မှ (၈)ဦး၊ Grade-9 မှ (၆)ဦး၊ စုစုပေါင်း (၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း နှင့် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများသည် ခရိုင်အဆင့်တွင် ဆက်လက်၍ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)