သိန္နီမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်အားကစားစွမ်းရည်ပြိုင်ပွဲကျင်းပ

သိန္နီ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ထူးချွန်ထက်မြက်သော  ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်အားကစား စွမ်းရည်ပြိုင်ပွဲကို မြို့နယ်အားကစားကွင်းတွင် ယနေ့နံနက် ၉ အချိန်က စတင်၍ ကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ Grade 9 မှ Grade 11 ထိ ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးတို့အား ကိုယ်ကာယကြံ့ခိုင်မှု ၅ မျိုး စမ်းစစ်ခြင်းဆောင်ရွက်ရာတွင်  မီတာ ၁၀၀ အပြေးပြိုင်ခြင်း၊ ကျောင်းသူများ မီတာ ၄၀၀ အပြေးပြိုင်ခြင်း၊ ကျောင်းသားများ မီတာ ၈၀၀ အပြေး ပြိုင်ခြင်း၊ တိုက်ထိုးခြင်း၊ အိပ်ထ မတင်ပြုလုပ်ခြင်း၊ ရပ်လျှက်ခုန်ခြင်းစသည့် အားကစားအမျိုးအစားများကို အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဇေယျ၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပပဝင်းနှင့် နည်းပြဆရာ၊  ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)