လှိုင်းဘွဲ နိုဝင်ဘာ ၃၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် ပွင့်လင်းရာသီရောက်လာပြီးဖြစ်၍ ဈေးရောင်းချသူများအနေဖြင့် မီး ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စည်ပင်သာယာဈေးအတွင်းနှင့်ဈေးဆိုင်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်းဘွဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးကျော်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ရွှေဂွန်းနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ၊ ရွှေဂွန်ကျေးရွာ လျှပ်စစ်ဖြန့်ဖြူးရေး တာဝန်ခံတို့က ရွှေဂွန်းကျေးရွာ စည်ပင်သာယာရေးဈေးအတွင်းနှင့်ဈေး ဆိုင်များတွင် ဈေးရောင်းချသူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများထားရှိခြင်း၊ မီးချိတ်၊ မီးကပ်၊သဲ၊ ရေပုံးများထားရှိခြင်း၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းခြင်း၊ ဝါယာကြိုးများ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ မီးခုံ၊ပလပ်ခုံများကို စနစ်တကျတပ်ဆင်ခြင်း၊ လျှပ်စစ်မီးချွေတာသုံးစွဲရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)