သရက်ချောင်း နိုဝင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းမူလတန်းကြို ကျောင်းတွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအသိပညာပေး ရက်တိုသင်တန်းကို ယမန်နေ့က သရက်ချောင်းမြို့၊ လူမူဝန်ထမ်းဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် သရက်ချောင်းမြို့နယ်၊ လူမူဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွန်းက မိဘများအနေဖြင့် ကလေး၊ သူငယ်များ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန် ကစားခိုင်းခြင်း၊ တီထွင်ဖန်တီးကစားခြင်း၊ စိတ်ကူးစဉ်းစား၍ ကစားခြင်း၊ တည်ဆောက်ကစားခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်း စသည့်ကစားနည်းအမျိုးမျိုးဖြင့်သင်ကြားစေလိုကြောင်း၊ အစာအာဟာရမျှတစွာ စနစ်တကျကျွေးမွေးရန်လိုကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ကလေးမိဘများက သိရှိလိုသည်များကို မေးမြန်းခြင်း တာဝန်ရှိသူ များက ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)