သပိတ်ကျင်း နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်မှု စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီက သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ပွဲကို မြို့အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းမှ (Grade-9, Grade-10, Grade-11) မှ ကျောင်းသား/ ကျောင်းသူ (၂၀) ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ လူတွေ့စစ်ဆေးခြင်း၊ အထွေထွေ ဗဟုသုတဆိုင်ရာဘာသာရပ်၊ ကာယစစ်ဆေးခြင်းများ ပါဝင်မည်ဖြစ်ရာ (၃) ရက်ကြာစစ်ဆေးဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးတာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)