ဘုတ်ပြင်းမြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ ကျင်းပ

ဘုတ်ပြင်း နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘုတ်ပြင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက် ဖြေဆိုခဲ့ကြသည်။
ထိုသို့ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် ယနေ့(ပထမနေ့)၌ ရေးဖြေ စစ်ဆေးမှုကို မြို့နယ်အတွင်းရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၄၂)ဦးတို့က မြန်မာစာနှင့် အင်္ဂလိပ်စာဘာသာရပ်အား ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့စစ်ဆေးမှုအားလည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းကိုလည်းကောင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ကြောင်း  သိရသည်။
အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (မြို့နယ်အဆင့်) ကို Grade-9 ကျောင်းသား​၊ ကျောင်းသူ (၁၈)ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးနှင့် Grade -11 ကျောင်းသား၊ ကျောင်းသူ (၁၂)ဦး၊ စုစုပေါင်း (၄၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)