နောင်ချို နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းပညာရေး၊ ကျန်းမာရေးအတွက် ထာဝရငွေပဒေသာပင် အလှူငွေများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် ကွယ်လွန်သူဦးသောင်းအားရည်စူး၍ ဘူတာရပ်ကွက်နေ သား၊ သမီ၊ မြေး မိသားစုမှ အလှူတော်ငွေ ကျပ်(၄၀၀၀၀၀) တိတိ ကိုလှူဒါန်းခဲ့ရာ ဆရာတော်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ရှင်သာမဏေ စုစုပေါင်း (၃၃၀)ဦးရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ ကွန်ပျူတာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)