ဗိုလ်တထောင်မြို့နယ်၌ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ

ဗိုလ်တထောင်  နိုဝင်ဘာ ၂၉

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီက အ.ထ.က(၆)ကျောင်းတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ဝင်ရောက်ဖြေဆိုရာ၌ Grade-9 ကျောင်းသား/ ကျောင်းသူ(၁၀)ဦး၊ Grade -10 ကျောင်းသား/ ကျောင်းသူ(၁၀)ဦးနှင့် Grade-11 ကျောင်းသား/ ကျောင်းသူ(၁၁)ဦး စုစုပေါင်း(၃၁)ဦးက ပထမနေ့၌ မြန်မာစာ၊ အင်္ဂလိပ်စာရေးဖြေစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

လူရည်ချွန်ကျောင်းသား/ကျောင်းသူများရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊  စည်းမျဉ်းစည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ လူရည်ချွန်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေမှုအား ခရိုင်ပညာရေးမှူး၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)တို့မှ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မေနှင်း(ဗိုလ်တထောင်)