သရက်ချောင်း နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံးကြီးမှူးကျင်းပသော အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းရည်မြှင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊ မိမိတို့ကျောင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား/သူများပေါ်ထွက်လာရေး ကျောင်းအုပ်ကြီးများအနေဖြင့် စနစ်တကျကြီးကြပ်ကွပ်ကဲရန်လိုကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် တာဝန်ရှိသူများက သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်းများနှင့် စီမံဘဏ္ဍာရေးဆိုင်ရာ ပို့ချချက်များအား ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာ၊ ဆရာမ (၈၆) ဦးတို့ဖြင့် နိုဝင်ဘာလ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သားကြီး