တွံတေး နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်လူရည်ချွန် ရွေးချယ်ရေးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါမြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးကို မြို့နယ်အတွင်းရှိ အထက်တန်း၊ အထက်တန်းကျောင်း(ခွဲ)(၂၄)ကျောင်းနှင့် အလယ်တန်းကျောင်း(၁၅)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့်ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲအား ဝင်ရောက်ဖြေဆိုကြရာတွင် ယနေ့တွင်ရေးဖြေစာမေးပွဲအဖြစ်
ပထမပိုင်းတွင် မြန်မာစာ၊ ဒုတိယပိုင်းတွင် အင်္ဂလိပ်စာကို မြို့နယ်အတွင်းရှိအထက်တန်းနှင့်အလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၅၆)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့်လူတွေ့စစ်ဆေးမှုအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ နိုဝင်ဘာ(၃၀)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းကို မြို့မဘောလုံးကွင်းနှင့်၊ အောင်ဆန်းသူရိယအေးချို မိုးလုံလေလုံခန်းမတို့၌ စစ်ဆေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား