မြစ်ကြီးနားမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတနှင့် ကျန်းမာသန်စွမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားပြီး ကျောင်းသား‌၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းကြူက လက်ခံရယူခဲ့သည်။

ထို့နောက် မြစ်ကြီးနားခရိုင် ပညာရေးမှူး ဦးရဲအောင်က ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးကဏ္ဍတိုးတက်မြှင့်မားစေရေး ဆုံးမသြဝါဒစကားပြောကြားပြီး မြစ်ကြီးနားခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးမျိူးနိုင်က “လူငယ်နှင့် ခေါင်းဆောင်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့‌ကြောင်းနှင့် အဆိုပါ အခမ်းအနားတွင် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ/ မများနှင့် ကျောင်းသား/သူ အင်အား(၁၀၀)ကျော် တက်ရောက်သည်။

ခရိုင်(ပြန်/ဆက်)