လိပ်သို နိုဝင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူလေးများအား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ၊ နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် စာဖတ်စာငှါးပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား စနစ်တကျငှါးရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး စာဖတ်စာငှါး စာပေဝါသနာရှင် ကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ရန်အတွက် စာအုပ်စာစောင်များအား စနစ်တကျငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
စာဖတ်စာငှါး စာပေဝါသနာရှင် ကျောင်းသား/ကျောင်းသူများအနေဖြင့် လေ့လာဖတ်ရှုငှါးရမ်းလိုပါက အမှတ်(၁)ရပ်ကွက် ရုံးကုန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ လာရောက်လေ့လာနိုင်ပြီး မိမိတို့ဖတ်ရှုငှါးရမ်းလိုသည့် သုတရသစာအုပ်စာစောင်များအား အခမဲ့ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်